slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပွဲတက်ရောက်၊ ရုံးဝန်းများအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိများအား လိုက်လံကြည့်ရှု

မုံရွာ၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအား အခြေခံ စားသောက်ကုန်များ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိ တို့တိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများအား အပြည့်အဝရရှိအောင် ဥပဒေနှင့်အညီ ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တရား မဝင်ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုမရှိစေရေး ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းတာဝန်များထမ်း ဆောင်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး ဖြောင့်မတ်တည်ကြည်သည့် သမာဓိဖြင့် အမှန်တရားအတွက် စွန်လွှတ်စွန့်စားသည့်စိတ်နှင့် သတ္တိရှိရှိရဲရင့်စွာ ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီကျင်းပမည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီးအတွက် လုံခြုံရေးလုပ်ငန်းများအား အပြည့်အဝဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ အောင်မြင်အောင် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးတို့က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်ဇနီးတို့ထံ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်များအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစာဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ရဲတပ် ဖွဲ့မှူးရုံးဝန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ သက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံ များစိုက်ပျိုးထားရှိမှု၊ တိုင်းရင်းကြက်နှင့် ကြက်မဲမွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး တပ်ဖွဲ့ဝင်မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး တရားသူကြီးက တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ရုံးများတွင် တရားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး တရားသူ ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တရားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရေး၊ နိုင်ငံ တော်အပေါ် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သစ္စာစောင့်သိသွားရေးတို့အား မှာကြားကာ ရှင်း လင်းပြောကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဥပဒေအရာရှိက တိုင်းဒေသကြီးအတွင်းရှိ ဥပဒေဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါရုံးဝန်း အတွင်း ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စိန်တစ်လုံး သရက်ပင်များ၊ သပြေ ပန်းပင်များနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအားလိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250904 1
20250904 2
20250904 3
 
20250904 4
20250904 5
 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၌ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွားရောက် ကြည့်ရှုခြင်း၊ ရုံးဝန်းများအတွင်း ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စိုက်ပျိုးရေး/မွေးမြူရေးလ

မုံရွာ၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်တွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီး ဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား ဩဂုတ် လ ၂၉ ရက်နေ့မှ စတင်ကာ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးနေမှုများအား သွားရောက် ကြည်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိဝေဒနာ ရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲစိတ် လူနာများအား နေကာမျက်မှန်များနှင့် သောက်ဆေးများအား လိုက်လံပေးအပ်ခဲ့သည်။

အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်း စားဝန်ထမ်းများအား အခမဲ့မျက်စီစမ်းသပ်ခွဲစိတ်ပေးခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် စမ်းသပ် ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေးသွင်းခဲ့ ရာ ယနေ့တွင် စမ်းသပ်ပြင်ပလူနာ – ၇၄၈ ဦး၊ အကြီးစားခွဲစိတ်လူနာ – ၃၆ ဦး၊ အသေးစား ခွဲစိတ်လူနာ – ၁၃ ဦးအား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ စမ်းသပ်ပြင်ပလူနာပေါင်း – ၄၁၆၇ ဦး၊ အကြီးစားခွဲစိတ်လူနာပေါင်း – ၂၈၂ ဦး၊ အသေးစားခွဲစိတ်လူနာပေါင်း – ၇၃ ဦးတို့အား စမ်းသပ်ခွဲစိတ်ကုသပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အနော်ရထာလမ်း ကျောက္ကာလမ်းမှ အောင်မဟာလမ်းအထိအရှည် – ၂၉၆၀ ပေ၊အကျယ် – ၂၀ ပေ၊ ထု ၃ ထက်မထု နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ် ငန်းများခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းများအား ရှင်းလင်း တင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တ ရာလမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိ သူများသည် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးမှုစီမံခန့်ခွဲရေဦးစီးဌာန (ဆည်မြောင်း)သို့ ရောက်ရှိရာ တိုင်းဒေ သကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ဆည်/တမံများအတွင်း ရေဝင်ရောက်မှုအခြေ အနေများ၊ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် ဆည်/တမံများအား ဘဏ္ဍာနှစ် အလိုက်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါရုံးဝန်း အတွင်း ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိ မှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)သို့ ရောက်ရှိရာ တိုင်း ဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် ရေလျှံ တွင်းများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါရုံးဝန်းအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထားရှိမှု၊ ရွှေဝါငါးကြင်း/ငါးမြစ် ချင်း/ငါးခုံးမကောင်ရေ ၅၀၀ မွေးမြူထားရှိမှုနှင့် ဒေသ ကြက်မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီး ဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဦးစီးမှူးက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၌ ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ပေးထားမှု အခြေ အနေ များနှင့် ဒေသခံတာင်သူများသို့ လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးပေးထားမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါရုံးဝန်းအတွင်း ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250904 01
20250904 02
 
20250904 03
20250904 04
 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.