slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ၊ စက်တင်ဘာ ၂

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ယခုကျင်းပမည့်ရွေး ကောက်ပွဲကြီးအား ဥပဒေနှင့်အညီကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ရွေး ကောက်ပွဲတွင်အဓိကကျသည့် မဲစာရင်းများမှန်ကန်ရန်အတွက်လည်း အုပ်ချုပ်ရေးအဖွဲ့ များနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးက ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက် ရောက်လာသူများအနေဖြင့်လည်း ရွေးကောက်ပွဲကြီးကျင်းပနိုင်ရေးအတွက် လိုအပ်သည် များအား ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဥက္ကဌတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ လွှတ်တော်ဖွဲ့စည်းဆည်းခြင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ MEVM စက်များ ဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြို တင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ထားရှိမှု အခြေ အနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာ ဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အခမ်းအနားသည် ဝန် ထမ်းများနှင့် မိသားစုဝင်များအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စေတ နာထား၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်များအပေါ် ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့စောင့်ထိန်းရမည့် ကျင့်ဝတ်၊စည်းကမ်းများအား လေးစားလိုက်နာစောင့်ထိန်းလျက် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးမှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ပြောဆိုဆက်ဆံကြပြီး လုပ်ငန်းအပေါ်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်စားသုံးဆီများအား အသီးသီး ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ဝန်ထမ်းတစ်ဦးလျင် ဆန် ၄ ပြည်နှင့် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၄၃၀ ဦးအတွက် ဆန် ၇၂ အိတ်၊ စားသုံးဆီ ၂၁၅ ပိဿာ စုစုပေါင်းငွေ ကျပ် – ၁၀,၃၆၀,၀၀၀ (တစ်ရာ့သုံးသိန်း ခြောက်သောင်းကျပ်)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20250903 01

20250903 01

20250903 01

20250903 01

20250903 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး သရုပ်ပြသခြင်း ကြည့်ရှုအားပေး

မုံရွာ၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပပြုလုပ်သည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ရှင်းလင်းပြ သခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသပွဲကို စက်တင်ဘာလ ၁ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနရုံးရှိ မြတ်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ သရုပ်ပြသပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့်တာဝန်ရှိသူများ၊မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၁၅ ဦးမှ မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်း သပ်မဲပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့်၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက်သွင်းအားစု(ယူရီးယားမြေဩဇာ၊ လယ်ယာသုံးစက်မောင်းဆီ)များ ပေး အပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည်စိုက်ပျိုးရေးအား အဓိက အားပြုလုပ်ကိုင်ဆောင်ရွက်နေသည့်တိုင်းဒေသကြီး တစ်ခုဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ အပါ အဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေး နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက် ပျိုးစွမ်းအား မြှင့်တင်နိုင်ရေး အတွက်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ် လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရရှိရေးအတွက် ရည်မှန်းဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးနေသည့်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ အလေးထားကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီး ကြပ်မှုကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၅ -၂၀၂၆ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်း များဆောင်ရွက်နေမှု အခြေ အနေများအပေါ်ဖြည့်စွက်ဆွေးနွေးပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့ နယ်အတွင်းရှိကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၁၅ ဦးအတွက် သွင်းအားစု(ယူရီယား မြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်း အနားသို့ တက်ရောက်လာသူများ၏ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စားဖို ဆောင်သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား စတုတ္ထနေ့အဖြစ် အခမဲ့မျက် စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအားသွားရောက်ကြည်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများ အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲ စိတ်ပြီးလူနာများအား နေကာမျက်မှန်များတပ်ဆင်ပေးကာ သောက်ဆေးများအား လိုက်လံပေးအပ်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့ခင်းစာ ထမင်း၊ဟင်းနှင့် သောက်ရေသန့်ဘူးများအား လိုက်လံပေးအပ်ခဲ့ကြသည်။

အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စီစမ်းသပ်ခွဲစိတ်ပေးခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် စမ်း သပ်ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေး သွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်ပြင်ပလူနာ – ၇၃၆ ဦး၊ အကြီးစားခွဲစိတ်လူနာ – ၅၀ ဦး၊ အသေးစားခွဲစိတ်လူနာ – ၁၃ ဦးအား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ စမ်းသပ်ပြင်ပလူနာ – ၂၇၂၈ ဦး၊ အကြီးစားခွဲစိတ်လူနာ – ၂၀၁ ဦး၊ အသေးစားခွဲစိတ်လူနာ – ၄၆ ဦးတို့အား စမ်းသပ်ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။

20250902 19

20250902 19

20250902 19

20250902 19

20250902 19

20250902 19

20250902 19

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.