
၂၀၂၆ခုနှစ်၊ဇူလိုင်လ၁၈ရက်နေ့၀၇၀၀နာရီအချိန် ကန့်ဘလူမြို့၊အမှတ်(၃)ရပ်ကွက်ရှိ အထက(၁)စာသင်ကျောင်းဝန်းအတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသက်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ကျောင်းဆရာ/မများနှင့်ကျောင်းကော်မတီဝင်များ စုစုပေါင်းအင်အား(၆၃၅)ဦးဖြင့်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ၀၈၀၀နာရီအချိန်တွင် ကျောင်းသား/သူများ အာဟာရကျွေးမွေးနိုင်ရန် ငှက်ပျောပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ငှက်ပျောပင်(၂၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ရက်၁၀၀စီမံချက်အရ ကန့်ဘလူမြို့၊ လိတ္တူကျေးရွာအုပ်စု၊ လိတ္တူကျေးရွာ၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေယာအရှုပ်အရှင်းကင်းပြီး အချက်အလက်ပြည့်စုံသည့် နေအိမ်၁၅လုံးအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၈-၇-၂၀၂၆)ရက်နေ့၊ညနေ (၁၆၀၀)အချိန်တွင်ကန့်ဘလူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးသည် ကန့်ဘလူမြို့၊ အမှတ်၃ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကန့်ဘလူမြို့ ပေါ်ရှိ ဧကသတ်မှတ်ချက်နှုန်းနှင့်ကိုက်ညီသည့် ဒေသခံေတာင်သူများအား ယူရီးယားဓာတ် မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းအခမ်းအနားသို့တက်ရောက်နေသည့်မှတ်တမ်းဓါတ်ပုံ
