စစ်ကိုင်း၊ မေ ၁

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မေလ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့မဈေးတွင် ဈေးဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မျိုးမျိုး သန်းနှင့် တာဝန်ရှိသူများက မြို့မဈေးတွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ကုန်ပစ္စည်းဆိုင်များ၊ မီးဖိုဆောင် သုံး ပစ္စည်းဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များအား ပြန်လည်ဖွင့်လှစ်၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

20250502 28

20250502 28

20250502 28

20250502 28

20250502 28

20250502 28