စစ်ကိုင်း၊ မေ ၂

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် မေလ (၂)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စကုမှော် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ငလျင်ဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများ တွေ့ဆုံ၍ အားပေး စကား ပြောကြာခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေးကျွန်း မာရ်အောင်စေတီတော် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)တွင် အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးရာ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) မှ တာဝန်ရှိသူများက ငလျင်ကြောင့် ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ဘောလုံးကွင်းရှိ ငလျင်ဘေးကယ်ဆယ် ရေးစခန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်း များသို့ ရောက်ရှိပြီး ငလျင်ဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01

20250505 01