မုံရွာ နိုဝင်ဘာ ၁၀

စစ်ကိုင်တိုင်းဒေသကြီး အဖွဲ့ကကြီးမှူးပြီး တိုင်းဒေ သကြီး ၊ ခရိုင် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် (၁၃၈၆ခုနှစ်) စုပေါင်းမဟာဘုံက ထိန်အလှူတော်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပဒေသာပင် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၅၉၁၇၇၀၅( သိန်းခြောက်ရာငါးဆယ်ကိုးသိန်းတစ်သောင်းခုနစ်ထောင် ခုနစ်ရာငါးကျပ်) တိတိ တန်ဖိုး လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည် ။

စုပေါင်းမဟာဘုံက ထိန်အလှူတော်မင်္ဂလာအခမ်း အနားအား ရှေးဦးစွာ ပင့်သံဃာဆရာတော်ကြီးများနှင့်အတူ တက်ရောက်လာကြသည့် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့် လှစ်ခဲ့ပြီးနောက် မုံရွာမြို့ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက်ပဓာန နာယက သက်တော်ရှည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက် တည်‌ခဲ့ကြပြီးနောက် ဆရာတော်ကြီးများ ရွတ်ဆိုချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်ဦးမြတ်‌ ကျော်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တပ်ရောက်လာကြသည့်ဧည့်ပရိသတ်များမှ တာဝန်ရှိသူများက ပင့်သံဃာ ဆရာတော် ၂၇ ပါးထံ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်း အနားအားရုပ်သိမ်းခဲ့ကြပြီး ပင့်သံဃာတော်ဆရာကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်စုစု ပေါင်း ၅၈ ခုအနက် ပင့်သံဃာ‌ တော် ၂၇ ပါးအားလှူဒန်းသည့် ပဒေသာပင် ၂၇ ပင် ၊တန်ဖိုးငွေ ကျပ် (၃၆၂၇၈၃၀၀) ၊ ကထိန်ခံကျောင်းဖြစ်သော မုံရွာမြို့ တိပိဋကလက်ာရသာမဏေကျောင်းတိုက်သို့ ပဒေသာပင်လှူဒါန်းမှု တန်ဖိုးငွေ ကျပ် (၂၉၆၃၉၄၀၅)စုစုပေါင်းတန်ဖိုးငွေ ကျပ် ( ၆၅၉၁၇၇၀၅) လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

20241112 01

20241112 01

20241112 01

20241112 01

20241112 01

20241112 01

20241112 01

20241112 01

20241112 01