မုံရွာ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကား သင်ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲအား တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာနေရာ ဒေသအသီးသီးတွင် သင်ကြားရေးတာဝန်သာမကဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဦးဆောင်နိုင်သူဖြစ်ရန် လိုအပ်သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်းလိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် များအား မိမိကိုယ်တိုင်ထိန်းသိမ်းရုံသာမကဘဲ ကျောင်းသားလူငယ်များ မိဘပြည်သူများ အားလုံးပါဝင်ဆောင်ရွက်ရေးအတွက် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် ဘာသာရပ်များအား စိတ်ဝင်တစားသင်ယူလေ့လာကြရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား မိမိတို့တာဝန်ကျရာ ဒေသအသီးသီးရှိ ကျောင်းသားလူငယ်များ၊ မိဘပြည်သူများကို ပြန်လည်မျှဝေပြီး မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် – ၆၇၅၀၀၀၀ (ခြောက်ဆယ်ခုနှစ်သိန်းငါးသောင်း)နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်း အတွက် ငွေကျပ် – ၁၀ သိန်းအား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ တိုင်းရင်းသားရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  အဆိုပါ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ၂/၂၀၂၃ သို့ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိခင်နို့တိုက်ကျွေးရေးနှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအား စိတ်ဝင်စားကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအား သြဂုတ်လတစ်လလုံး ဆောင်ရွက်ရာတွင် ပထမရက်သတ္တပတ်အား မိခင်နို့စနစ်တကျတိုက်ကျွေးရေးလှုပ်ရှားမှုများ၊ ဒုတိယရက်သတ္တပတ်ကို ၅ နှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ၊ တတိယရက်သတ္တပတ်အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချို တိုက်ကျွေးနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့နှင့်အညီလုပ်ငန်းခွင်မှ မိခင်များလုပ်ငန်းခွင် မပျက် မိခင်နို့တစ်မျိုးတည်းအား ၆ လအထိတိုက်ကျွေးနိုင်ရေးနှင့် ကလေးအသက် ၂ နှစ်အထိ သင့်လျော်သော ဖြည့်စွက်စာကျွေးခြင်းနှင့်အတူ မိခင်တို့ဆက်လက်တိုက်ကျွေးနိုင်ရန် လုပ်ငန်း ခွင်မှမိခင်များအတွက် ပတ်ဝန်းကျင်ကောင်းများရှိလာစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားသို့ တက်ရောက်လာကြသော အသက် ၅ နှစ်အောက်ကလေးငယ်များအား အင်အားဖြည့် ဗီတာမင်အေဆေးလုံးများ လိုက်လံတိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ဗီတာမင်ဆေးများပြသထားရှိမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

0-02-06-a2bef632fbc6f523ce9750ff846c4fa1a288944c1eed1b8d8d7b4f634e145778_9cb0e68aac5569d2.jpg

0-02-06-80a33d184c7ec931f4f6793e268186980ff9fdcf6972d400751bd3e65a575cef_ad7dd214b447cb34.jpg

0-02-06-08110c08926fdf5701753228d65ba5038370a0c794493628ced69b2fe15d9a3b_a35ed6f3c5f16a2f.jpg

 

0-02-06-61a7727e3b0ce60b869e6841e03e25b88395232e792e455ec7227d0ce55c0ab0_7ba468d45dcb89b2.jpg

0-02-06-7ed2b926a506f97057384f42afab2b6cb76318fbd6ea4f4563e143b78ea71f5b_20de5a36cdebb667.jpg