မုံရွာ အောက်တိုဘာ ၁၈

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးကိုယ်စားပြု ၂၀၂၃-ခုနှစ်၊ (၂၄)ကြိမ် မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အဆင့်အလိုက်ဘာသာရပ်များဖြစ်သော တစ်ကိုယ်တော်အက၊ ကဗျာလွတ်အက၊ ဆိုင်းအဖွဲ့လိုက်၊ ဒုံမင်း၊ အိုးစည်အဖွဲ့ လိုက်၊ ဆိုင်းတစ်ကိုယ်တော်၊ နှဲတစ်ကိုယ်တော်၊ ခောတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ ရုပ်သေးနှစ်ပါးသွားအကများ လေ့ကျင့်နေသည့်ပြိုင်ပွဲဝင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နည်းပြများနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

            အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီး တွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် အမျိုးသား – ၁၄၈ ဦး၊ အမျိုးသမီး – ၉၂ ဦး၊ စုစုပေါင်း ၂၄၀ ဦးဖြင့် ဘာသာရပ်ပေါင်း ၈၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၃၀ ကျော်ကြာ စခန်းသွင်းလေ့ကျင့် လျက်ရှိ ကြောင်းသိရှိရသည်။ 

0-02-06-c209a1734b5397fcc8852a82247fc32a9470c042f905ca18c24d6278153466af_3d05e779515aae4f.jpg

 

0-02-06-be1a6904ccd847c2ad77e92eed0abbd1ddccdf04f1c5fcd13abcae43ad8596ee_a0c213165bbf921f.jpg