မုံရွာ ၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်း လျှေက်ပွဲကို ဒီဇင်ဘာာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်ဘက် ကန်သာယာ ကန်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး မီးရှူးပန်း ပစ်ဖောက်ကာ သက်မှတ်နေရာမှစတင်၍ အနောက်ဘက် ကန်သာယာကန် ပတ်လမ်း တစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများမှ အနာက်ဘက် ကန်သာယာကန်မှတဆင့် ဗိုလ်ချုပ်လမ်း၎င်းမှ အရှေ့ ဘက် ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ဝင်ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ စနစ်တကျ နေရာယူကြကာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁)အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Finss Dance တေးသီချင်း များဖြင့် သွေးပူလေ့ကျင့်ခန်းအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် နံနက်စာများအား တစ်ပျော်တစ်ပါး စာသောက်နေမှုများကို လိုက် လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုမဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုမဲပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20231211 08

20231211 08

20231211 08

20231211 08

20231211 08