မုံရွာ ၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန် ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ် နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီး နေရာယူကြပြီး မီးရှူးပန်းပစ်ဖောက်ကာ သက်မှတ်နေရာများမှစတင်၍ ဗိုလ်ချုပ်လမ်း၊ ၄င်းမှ အနောက်ဘက် ကန်သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းလမ်းတစ်လျှောက် တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြကာ အဆိုပါရင်ပြင်၌ စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီးအားက စားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့် ခန်းအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် ဌာနဆိုင်ရာအသီး သီးမှ ကျွေးမွေးသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသောက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုမဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုမဲပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20231218 11

20231218 11

20231218 11

20231218 11