မုံရွာ ၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ခဲ့ကြပြီး မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့မရွှေဂူကျောင်းတိုက် မြို့နယ်သံဃ နာယက ဥက္ကဋ္ဌ ဆရာတော်မှ နတ်ဗြဟ္မာများအားပင့်ဖိတ်ကာ နိုင်ငံတော်သြဝါဒါစရိယ မုံရွာမြို့၊ ဘုရားကြီးရပ် ကွက်၊ မဟာဝဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်အားနာ ယူကြည်ညိုပြီး ဆရာတော်၊သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေ ကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့
အခမ်းအနား ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားအား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီ အသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရောင်စုံအလှမီးများထွန်းညှိရေးနှင့် နိုင်ငံတော် အလံများ လွှင့်ထူနိုင်ရေးအတွက် တာဝန်ရှိသူများမှ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်၏ထူးခြားမွန်မြတ်လှသည့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်ဖြစ်ပါ၍ လွတ် လပ်ရေးရရှိရန် စွန့်လွတ်အနစ်နာခံကြိုးပမ်းခဲ့မှုများနှင့်လွတ်လပ်ရေး၏အနှစ်သာရနှင့်တန်ဖိုးကို လူငယ်များသိရှိစေရန်အတွက် ဆွေးနွေးဟောပြောပွဲနှင့်ပြပွဲ အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးအဖွဲ့အနေဖြင့်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ တာဝန်ရှိသူများအားလုံးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းများအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။












