မုံရွာ ၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်း အမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့တက် ရောက်လာသူများမှ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာန ပေါင်းစုံ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀၊ မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀ အပြေး ပြိုင်ပွဲများနှင့် အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိကြ သော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲ တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိကြသော အားကစားသမားများအား လည်းကောင်း၊ တိုင်းဒေ သကြီး တရားသူကြီး၏ဇနီးမှ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား ပေး အပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ဇနီးမှ ဒုတိယဆု၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသမီး မီတာ ၂၀၀ အပြေး ပြိုင်ပွဲ တွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီးမှ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုရရှိကြသူ များအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးမှ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ တွင် ဒုတိယဆု၊တတိယဆုရရှိကြသူများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် အတွင်းရေးမှူး၏ဇနီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိကြသော အားကစားသမားများအား တစ်ဦး ချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်ကျောင်းတို့မှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များက အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများနှင့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30

20231226 30