မုံရွာ ၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်း လျှေက်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အရှေ့ ဘက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်း များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ စုရပ် နေရာဖြစ်သည့် မုံရွာမြို့၊ ပြည့်သူ့အားကစာကွင်းမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန် သာယာ မြို့ရာပြည့်ကပ်ကျော်စေတီတော်မုဒ်ဦးအထိ၊ ၄င်းမှအနောက်ဘက်ကန်သာယာ အရှေ့ ဘက်ကန်ဘောင်တစ်လျှောက်မှ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်းအထိ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြကာ အဆိုပါ အားကစားကွင်းအတွင်းရှိ မြတ်ခင်းပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကျွေးမွေးဧည့်ခံသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသောက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုမဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုမဲပေါက်သူများထံ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားက စားလလူထုလှုပ်ရှားမှုအထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် လူမှုရေးရာ-၂ အသင်းတို့ ယျဉ်ပြိုင် ကစားနေမှုနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းနှင့် လမ်းပန်းဆက်သွယ်ရေးအသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာ ယာရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လမ်းပန်းဆက်သွယ်ရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လူမှုရေးရာ-၂ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် တတိယဆုရရှိသော စည်ပင်သာယာရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေ သားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲတွင် တတိယဆုရရှိသော လူမှုရေးရာ-၁ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01

20240102 01