မုံရွာ၊ ဇန်နဝါရီလ ၂၇

မုံရွာမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ် ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင်(၅၀ )ဆံ့၊ တိုင်းရင်းဆေးရုံအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် (၁၃ )ခရိုင်၊ မြို့နယ် ( ၁၄ ) မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်း အင်အား ( ၁၅၁၃ ) ဦးဖြင့် ပြည်သူ့ဆေးရုံများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

20240129 13

20240129 13