မုံရွာ ၊ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခ များနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက် ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရငွေရရှိမှသာ သုံးစွဲငွေများအားသုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်ငွေများ တိုးတက်ကောက်ခံ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သက်ဆိုင်ရာဌာန အချင်းချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သို့လည်း အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်မျှတ မှုရှိအောင် လိုအပ်သည့်ဝင်ငွေဖြစ်သည့် အခွန်အခများအား ဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝရရှိ အောင်သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်ကတည်းမှ ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် ယခင်နှစ်လျာထားချက် ပြည့်မီ ကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင်လည်း အရှိန်အဟုန်မပျက် ရသင့်ရထိုက် သည့်အခွန်အခရရှိရေး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည့်မီစွာ ကောက်ခံရရှိနိုင်ခြင်းမရှိသည့် ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း မိမိဌာန၊အဖွဲ့အစည်းလျာ ထားချက်ပြည့်မီရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုးမြှင့်လာသည့် လျာထားချက်များ ပြည့်မီစွာကောက်ခံရရှိနိုင်ရန်အတွက် ဆောင်ရွက် ရာတွင်လည်း နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အခွန်ပညာပေးဆောင်ရွက်ခြင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ မိတ်ဘက်ဌာနဆိုင်ရာ အချင်းချင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ အခွန်ပေးဆောင်မှု လွယ်ကူအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးခြင်းများအား ဝန်ဆောင်မှု ဆောင်ရွက်ပေးမှသာ ပြည်သူအများစုမှ ဥပဒေနှင့်အညီ ကြည်ဖြူစွာအခွန်များပေးဆောင်လာ ကြမည်ဖြစ်ပါကြောင်း၊ အခွန်ငွေများကောက်ခံရာတွင် အခက်အခဲများရှိမည်ဖြစ်သော်လည်း ဌာနအဖွဲ့အစည်းများ အားလုံးအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါ ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ကောက်ခံရန်သတ်မှတ်ပေးထားသည့် လျာထားချက်များ အားပြည့်မီကျော်လွန်စွာကောက်ခံရရှိနိုင်ရန်၊ ရသင့်ရထိုက်သောအခွန်ငွေများအား တိမ်းရှောင် နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုရယူသူများအနေဖြင့် အခွန်အခလွတ်ကင်း လျော့နည်းမှုမရှိဘဲ ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေး အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့် မိမိတို့ခရိုင်များ အတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများ အပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်း ကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့်အခွန်အခ များနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




