မုံရွာ ၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုငွေ တိုးမြှင့်ထည့်ဝင်မှုများအား ကြိုဆိုအားပေးသကဲ့သို့ တစ်ချို့ လုပ်ငန်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရန် စက်ရုံနှင့်အခြားလိုအပ်သည့် အဆောက် အဉီများ တည်ဆောက်ရာတွင် သဘာဝဘေး၊ကပ်ဘေးကြောင့် ပြင်ဆင်ချိန်မပြီးသည့် အတွက် လိုအပ်ချက်အရ လုပ်ငန်းတည်ဆောက်ရေးကာလ သက်တမ်း တိုးသည့်ကိစ္စများအား ဥပဒေ၊ မူဘောင်များနှင့် ကိုက်ညီမည်ဆိုပါက မိမိတို့ကော်မတီအနေဖြင့် ခွင့်ပြုပေးသွားမှာဖြစ်ပါ ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ရေရှည်ဆက်လက်ရပ်တည်နိုင်ရန် ပိုမိုတိုးတက်အာင်မြင်အောင်နှင့် နောက် ထပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်များလည်း ထပ်မံဝင်ရောက်နိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Taw Win Myanmar Sanyu Co.,Ltd မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဝက်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားလာခြင်း၊ Thaung Ngwe (KBU) Co.,Ltd မှ လုပ်ငန်းတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြ လာခြင်းကိစ္စ၊ NCY Intemational Co.,Ltd မှ ကော်မတီအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုပမာဏ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးထံ လုပ်ငန်းလုပ်ပိုင်ခွင့် အတည်ပြုမိန့်အား ပေးအပ်သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြပြီး ကုမ္ပဏီလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240131 01

20240131 01

20240131 01

20240131 01