မုံရွာ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စီးပွား ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကဏ္ဍစုံမှဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြား လာခြင်းနှင့်အတူ တိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများလည်း စီးပွားရေးကွင်း ဆက်အလိုက် ကျွဲကူးရေပါဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များ ဆောင်ရွက်လာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိပြီးသည့်နောက်ပိုင်း Investment After Care Services ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာသည်နှင့်အမျှ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဆောင်ရွက်လာကြမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေ ဖြင့်လည်း ဆက်စပ်သည့်အပေါင်းအဖော် လုပ်ငန်းရှင်များအား သတင်းကောင်းပေး ဖိတ်ခေါ်ပေး သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ပါဝင်စားသည့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ် ခေါ်ဆွဲဆောင်ရေးနှင့် ဝင်ရောက်ပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက်လုပ်ငန်းစဉ်များ အားလွယ်ကူချောမွေ့အောင် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်း အဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းစက်မှုဇုန်တွင် ဆိုင်ခန်း များတည်ဆောက်ခြင်းနှင့် ငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သုံးထပ် စက်ဝိုင်း စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက် (Triple Circle Industry C0,Ltd)မှ လုပ်ငန်းရည်ရွယ် ချက်ပြောင်းလဲဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်အကြံ ပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240301 01

20240301 01