မုံရွာ၊ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ ဈေး တွင် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ ၄ ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံသစ် ၁ ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဗန္ဓုလ ဈေး မြေနိမ့်ပိုင်းများအားမြေဖို့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ဈေးရုံတည်ဆောက်ရေးလုပ်ငန်းများနှင့် အရှေ့ဘက်ကန်သာယာကန် ရှိကွန်ကရစ်ရေပေါ်စင် တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တ ရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဈေးရုံအဆောက်အဦများ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည် သူများ နွေရာသီတွင်သောက်သုံးရေဖူလုံရေးနှင့် ငါးစားသုံးမှုလုံလောက်စေရေးတို့အတွက် ကွေ့ ကြီးရပ်ကွက်ရှိ ရေစုကန်အမှတ်(၁၈) ၂.၉၆ ဧက၊ တူးဖော်နေမှုနှင့် ရေစုကန်အမှတ်(၁၇) ၁.၇ ဧက၊ တူးဖော်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မုံ ရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ လမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေ ရေးတို့အတွက် မြို့သစ် ရပ်ကွက်၊ စွယ်တော်လမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်ကွက်နေပြည်သူများအား တန်ဖိုးသင့်စားသောက် ကုန်များ၊ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာရောင်းချပေး နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
စနေနေ့ စုပေါင်းသန့်ရှင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။




