မုံရွာ၊ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက် ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များသည် လုံခြုံမှုမရှိသည့် အားနည်းနေသော ကလေးအလုပ်သမားအများစုအတွက် လူမှု အကာအကွယ် အထောက်အပံ့ပေးနိုင်ရန် မဖြစ်မနေလိုအပ်သည့် ကိစ္စဖြစ်သည့်အပြင် ပညာရေး၊ လူမှုအကာအကွယ်၊ တရားမျှတမှု၊ အလုပ်သမားဈေးကွက်များနှင့် သက်ဆိုင်သည့် မူဝါဒအားလုံးတွင်အလေးထားဆောင်ရွက်ရန် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကလေးသူငယ်များအား လုပ်ငန်း ခွင်၌ ဆောလျင်စွာအသုံးချပါက ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများဆုံး ရှုံးနိုင်ပြီး တန်ဖိုးရှိသည့်လူငယ်၊လူရွယ်များဖြစ်နိုင်မည့် အခွင့်အရေးအား အဟန့်အတားဖြစ်စေ သည့်အပြင် ကလေးအလုပ်သမား အသုံးပြုခြင်းအားဖြင့် နိုင်ငံ၏လူစွမ်းအားအရင်း အမြစ်များ အားဆုံးရှုံးစေနိုင်သည့် အကြောင်းအရင်းတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန်ဝင်းအောင်က ကလေးအလုပ်သမားပပျောက်ရေး ကော်မ တီ၏ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီမှ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များမှ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ အကြံပြုဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20240320 08

20240320 08

20240320 08

20240320 08