မုံရွာ ၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနများနှင့် နိုင်ငံကျော် ရုပ်ရှင် နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များအား အတာရေများ ပက်ဖျန်းကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ “ပိတောက်အားမာန်” ရေ

သဘင်မဏ္ဍပ် သို့ ရောက်ရှိရာ မဏ္ဍပ်မှယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ “ပိတောက်ပျိုမေ” ရေသဘင်မဏ္ဍပ်သို့ရောက်ရှိရာ ယိမ်း အကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော်ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ ကြပြီး ရေကစားလာရောက်ကြသည့် ဌာနဆိုင်ရာများနှင့်ပြည်သူများအား စတုဒီသာ ထမင်းနှင့် ဟင်းများ ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များနှင့် မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့်အတူပျော်ရွှင်စွာ ရေကစားကာ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များ ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

0-02-06-96d4d56f406455bc1cf1fc953d81b737dc9caf131f1733ac448e3ed1c83a4257_e868ff6bd51489b2.jpg

0-02-06-d042f7f7bfca2c54f4513da3b8a54672d25cbff0d71e277deddca6d08a6858bf_5817750f6a98a4a2.jpg

 

0-02-06-04b42ddb9c1d25a046a1616773342324b60e3ac53b33c6968b74b5562f73674d_975669724f5118b6.jpg

0-02-06-ea887a63d9e97a53a8607e433e809eacfc4b45ceee0fd7bc870e879fb3ae2f66_8af2f06bd76a4aa4.jpg

0-02-06-6332f3f51627cb78b7c5d0a3eab40ae2c9e5f6d222d0090ce1a8fa113936972c_bbc670b100b4b973.jpg

0-02-06-f197e3fa0fbfa42c2fff307f517aa7c08f4214c1e22a5b0fb75a4eb356c91a14_c47af52d31f93404.jpg

0-02-06-0d664c0cfbe7e858550c4d5015a0c0f6f9c19d257de5bd9c257c4aa25ba2f4b9_b3154ffc0b7e1d10.jpg

0-02-06-c39d422144fc941afcc89fb100bad68d49c0454aaee7a2ba21b22cf1c73a5e49_5ac0d67d3b6b5268.jpg

0-02-02-819536664957f3993aa1113af80f4ed77e251ba2df3406670fe294d4cda95f7e_3c31c42f895f9132.jpg

0-02-02-854036353a99200ec847eebd249eb89cb295ff069f6809a4222d28597b7648cc_ddc128a563a20edb.jpg

0-02-02-fd98f2487c4c3818e0b33e541483136178188809209de95c963fd69a40371128_a89dffe86f7a655b.jpg

0-02-06-aadf3ab91fb7f90a4dbfbbf2b06fe79159266837e14bb3ae9d89c128cf103324_6365c9dbc48f90f2.jpg

0-02-06-f591bffafdffab6b67c757913a7d21318898dea08df34c7332e9df7f90119d8f_12c1b8e95da4e3c8.jpg

0-02-02-c06c52bc3f64af556a8808b11441a58133068e8cf29914aaa47eab1dfded8a91_5dd06776c5e447a2.jpg

0-02-02-c702aa26a485a4d4af49d2750ce3059139d8c22ca6bb87c37753e53163d224f1_ce1dbea4aa72455f.jpg

0-02-02-f01754ba11b555525289ebba357d2f8db81d701019b39af2c5efbd66914891b5_5ce295c341a38379.jpg

0-02-02-1e428ba1de31574919a532a9a42f420cc859cab2209a0c775b0a47f5dcdf9355_69660ae8ee2ae10c.jpg