မုံရွာ၊ ဧပြီ ၂၀

မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေ ရေးတို့အတွက် ဧပြီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ် ရပ်ကွက်၊ ဇမ္ဗူသပြေလမ်းဘေးဝဲ/ယာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်ကွက်နေပြည်သူများအား တန်ဖိုး သင့်စားသောက်ကုန်များ၊ စားသုံးဆီများနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့သည့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓလ ဈေး အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ ၄ ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံ သစ် ၁ ရုံ တည်ဆောက်ပြီးစီး၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဈေးရောင်း၊‌ ဈေးဝယ်များ စနစ်တကျ ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျန်းမာရေး နှင့်ညီညွတ်သည့် အစားအသောက်များရောင်းချသွားရေး၊ ဈေးဆိုင်ခန်းများစနစ်တကျ ရောင်း ချရေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများအား အဆင့်မြှင့်တင်ရေးတို့ကို ဈေးကြီးကြပ်သူ များနှင့်တာဝန်ရှိသူများအား အသေးစိတ်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဈေးရောင်း၊‌ ဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

20240422 32

20240422 32

20240422 32

20240422 32