မုံရွာ၊ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ အမျိုးသား ၂ ယောက်တွဲ၊ ၃ ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကလေးမြို့နယ်အသင်းနှင့် ရေဦးမြို့နယ်အသင်းတို့ ယဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အမျိုးသမီး နေရာအလိုက်အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဉပဒေ ချုပ် ဒေါ်လှလှဝင်းက အမျိုးသမီး ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရရှိကြသည့် အားကစား သမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက အမျိုးသား နေရာအလိုက်အကောင်းဆုံးဆုရရှိ ကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသား ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် မြို့နယ်များမှ အားကစားသမား များအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီး ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြ သည့်မြို့နယ်များမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုး သား ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် မြို့နယ်များမှ အားကစား သမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကလေး မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသမီး ၃ ယောက်တွဲပြိုင်တွင် ပထမဆုရရှိသည့် မြောင်မြို့နယ်အသင်းနှင့် အမျိုးသား ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ရေဦးမြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ပြီး ဆုရအားကစား အသင်းများနှင့် ဆုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။










