မုံရွာ၊ မေ ၂၁
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစား သင်တန်း များဆင်းပွဲအခမ်းအနားကို မေ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအနေဖြင့် နွေရာ သီအားကစားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် လူငယ်လူရွယ်များ စာရိတ္တနှင့် စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အားကစားသမားလူတော်၊လူကောင်းများပေါ် ထွက်လာစေရေး၊ လူငယ်များအားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများကျွမ်းကျင် လိုက်နာမှုရှိစေရန်နှင့် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အားကစားနည်း(၁၄)မျိုးအား ဖွင့် လှစ်ပေးခဲ့ရာတွင် မိဘများကိုယ်တိုင် စိတ်ပါဝင်စားစွာ လာရောက်ပို့ဆောင် တက်ရောက်သင် ကြားစေကြသည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ တိုင်းဒေ သကြီးအနေဖြင့်လည်း လူငယ်/လူရွယ်၊ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ယခုသင် တန်းအား ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းများမှ နည်းပြများ၏ သင်ကြားပို့ချ ချက် များအားကြိုးစားသင်ယူ လေ့ကျင့်ခဲ့ကြသည်ကို ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစား လေ့ကျင့်ပြီး ရပ်ကွက်/ကျေးရွာ/မြို့နယ်အဆင့်မှနေပြီး တိုင်းဒေသကြီးနှင့်နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားမောင်မယ်များ အဆင့်အထိရောက်ရှိအောင် ကြိုးစားအားထုတ်ကြိုး ပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစား နည်းများအလိုက် သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူများကိုယ်စား သင်တန်း သား/သူ ၂ ဦးထံပေးအပ်ခဲ့ပြီး အားကစားသင်တန်းသား/သူများမှ ကွင်းအတွင်းမှပြန် လည်ထွက် ခွာကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance အဖွဲ့၏ သရုပ်ပြသဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွေရာသီအခြေခံနှင့်အဆင့်မြင့် သင်တန်း ဆန်းစစ်ချက် ဘောလုံးသက်ငယ်တန်း(အတော့)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြ သည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ နွေရာသီအခြေခံနှင့်အဆင့်မြင့် သင်တန်းဆန်းစစ်ချက် ဘောလုံး သက်ငယ်တန်း(အဖွဲ့လိုက်ဂိုးကျဉ်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အားက စားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက နွေရာသီအခြေခံနှင့်အဆင့်မြင့်သင်တန်း ဆန်းစစ်ချက်ပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကရာတေး တစ်ဦးချင်းနှင့်အသင်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသား ဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက သရုပ်ပြသခဲ့ကြသည့် မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance အဖွဲ့များအား ဂုဏ်ပြုငွေများအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်း၌ ဘော လုံး၊ ကရာတေး၊ Fitness Dance၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ မြန် မာ့သိုင်း၊ ကြက်တောင်၊ ကာယဗလနှင့်ကာယအလှ အားကစား(၁၄)မျိုးအား ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား၊သင်တန်းသူ ၃၅၀ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် နည်းပြများ၊ သင်တန်းသား၊သင် တန်းသူများနှင့်မိဘများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။















