မုံရွာ၊ မေ ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ကျောင်းအဝင်လမ်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းဝန်း၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်း ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည် ကြီးများ အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေး နှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူ များနှင့်အတူ နံနက်စာသုံးဆောင်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု အခြေအနေများ၊ကျောင်း ဆောင်အဆောက်အဦများ ကြံ့ခိုင်မှုဆောင်ရွက်ထား ရှိမှု၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်စေရေးနှင့် ကျောင်း ၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍ လိုအပ်ချက်များအပေါ် ဖြည့်စွက် တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအထက်တန်း ကျောင်းဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်း အပ်နှံရေး၊ သင်ကြားရေးသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် ပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိအောင်ဆောင်ရွက် ထားရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးနှင့် သင်ကြားစီမံရေးဆိုင်ရာများကို တာဝန်ရှိသူများအနေဖြင့် လိုအပ်ချက်မရှိအောင် ဆောင်ရွက်ထားရှိရေးတို့အား မှာကြားကာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၈၀၀ ကျော်ဖြင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။









