မုံရွာ၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၅/၂၀၂၄) အစည်း အဝေးကို မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယ ဥက္ကဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ် သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းအခြေ အနေမှန်အားသိရှိ၍ ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့မှလိုအပ်သည့် ပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးအား လစဉ်ပြုလျက်ရှိပါကြောင်း၊ ခရီးသွားလာကြသည့် ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များအတွက် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် သယ်ယူပို့ဆောင်ရေး စနစ်များ လေယာဉ်ခရီးစဉ်မှသည် ယာဉ်၊ ရထား၊ Taxi အထိ ပြည့်စုံကောင်းမွန်အောင် ဖန်တီး ပေးရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်၊တည်းခိုရိပ်သာများမှလည်း ခရီးသွားဧည့်သည်များအား ပျူငှာ နွေးထွေးသည့် ဝန်ဆောင်မှုများ အကောင်းဆုံးပေးသွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာရေ ရှည်တည်တံ့သည့် ခရီးစဉ်ဒေသအဖြစ် နာမည်ဂုဏ်သတင်းကောင်းမွန်ပြီး ထပ်ခါထပ်ခါလာ ရောက်ကြမှာ ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အပူပိုင်းဒေသဖြစ်၍ အခုမိုးရာသီအမီ သစ်ပင်စိုက်ရာသီ၌ သစ်ပင်များများစိုက်ပျိုးသွားရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ ပလပ်စတစ် သုံးစွဲမှုလျှော့ချ ရေးစီမံချက်အပါအဝင် ခရီးသွားလုပ်ငန်း အထောက်အကူပြုလုပ်ငန်းများကိုပါ စီစဉ်ဆောင်ရွက် သွားကြရန်အထူးလိုအပ်မှာ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာတည်းခိုနေထိုင်ရေးတို့အတွက် စဉ်ဆက်မပြတ်ဆက်လက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၄/၂၀၂၄ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထား ရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့်ဟို တယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်း ကျင်များတွင်သန့်ရှင်းသာ ယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများ နှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240531 01

20240531 01

20240531 01

20240531 01