မုံရွာ၊ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းမြို့နယ်နှင့်ခရိုင် စိမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် စစ်ကိုင်းခရိုင်၏မြို့နယ်များအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းဆွေး နွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စစ်ကိုင်းမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများအား လုံးတပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မြို့မိမြို့ဖများအနေဖြင့် စစ်ကိုင်းမြို့အား ဖွံ့ဖြိုးတိုးတက် ရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် လုပ်ငန်းများစံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်တွင်ပြီးစီးရေး တို့အတွက် တာဝန်ရှိသူများအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း နှင့်စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား လျာထားချက် ထက်ပြည့်မီကျော်လွန်အောင်ထွက်ရှိရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအစည်း အဝေးခန်းမတွင် စစ်ကိုင်းမြို့ရှိ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးများအား လာရောက်ဖူးမျှော်ကြမည့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်ဖူးမျှော်နိုင်ရေး ဂေါပက အဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အမြဲသန့်ရှင်းသပ်ရပ်စေရေးတို့အား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့များမှ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။






