မုံရွာ၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ စိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ဆရာတော်ကြီးများထံ သြဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းရှိ စေတီတော်ကြီးပရဝုဏ်အတွင်း ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ /ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမာနိတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ်များ ကနာယူကြည် ညိုပြီး ဆရာတော်ကြီးများထံမှ သြဝါဒခံယူကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် အလှူရှင်များက တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပ ရိတ်သတ်များက အနုမောဒနာတရား နာယုကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အလမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာတက္ကသိုလ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ငှက်မြတ်နား တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ ကြသည်။
အဆိုပါ မုံရွာတက္ကသိုလ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အလှူငွေပေး အပ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်များနှင့် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ်- ၃၂,၆၇၇,၈၀၀ (သုံးရာနှစ်ဆယ် ခြောက်သိန်းခု နှစ်သောင်းခုနှစ်ထောင့်ရှင်ရာ)ကျပ်အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။





