မုံရွာ၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုး ရအဖွဲ့မှ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လည် သာယာလှပရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က လယ်တီကန်ပတ်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ကန်ပတ်လမ်းနိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများ၊ ပန်းအလှပင်များစိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်စိုက်ပျိုးသွားမည့် အခြေ အနေများ၊ အပန်းဖြေထိုင်ခုံများထားရှိမည့်နေရာများ၊ ကန်ပတ်လမ်းနှင့် ကျောက်ရိုးစီတာဘောင် နှင့်စတီးလက်ရန်းများတပ်ဆင်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင် ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်း များဆောင်ရွက်နိုင်ရန်အတွက် သက်မှတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံ ညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲ သန့်ရှင်းသပ်ရပ်ရေးတို့အတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားကြရန်နှင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်တီကန်ပတ်လည် အား တပေဘူတ၊ စင်္ကာပူချယ်ရီ၊ ငုဝါ၊ ကျူးလစ်ပန်းအလှပင်များ စိုက်ပျိုးနေမှုများအား လိုက် လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ သုတရာမလမ်း အရှည် – ၁၉၁၀ ပေအား အကျယ် – ၁၆ ပေ၊ ၃ လက်မခွဲထု နိုင်လွန် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးက မုံရွာမြို့အတွင်း နိုင်လွန်ကတ္တရာလမ်းများခင်းခြင်း လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုများနှင့် အောင်မင်္ဂလာရပ်ကွက်ရှိ သုတရာမလမ်း နိုင်လွန်ကတ္တရာလမ်း ခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိုင်လွန်ကတ္တရာခင်း ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများ အား ရင်းရင်းနှီးနှီးနှတ်ဆက်ခဲ့ကြောင်း သိရသည်။

20240812 11

20240812 11

20240812 11

20240812 11

20240812 11

20240812 11