မုံရွာ၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော် များဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက် ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဓန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

အဆိုပါ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော် ၄၀ ပါးတို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် – ၁၃ အိတ်၊ ဆီ – ၂၄ ပိဿာ၊ ဆား – ၁၀ ပိဿာ၊ ပဲ – ၂၄ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240826 14

20240826 14

20240826 14

20240826 14

20240826 14

20240826 14