မုံရွာ၊ သြဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မျောက်ကျောက်ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဌများ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိဆေးရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမှာစကားပြော ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး မှူး ဒေါက်တာမြင့်ကျော်က မျောက်ကျောက်ရောဂါအကြောင်းနှင့် ကာကွယ်ထိန်းချုပ် ရေး၊ ကုသရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ မိမိတို့ဌာနများ အလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အထွေထွေ ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မျောက် ကျောက်ရောဂါ ဖြစ်ပွားလာပါက ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။





