မုံရွာ၊ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော(၇၄)နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသည့် စန္ဒရံ သီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ သော မေတ္တာသုတ်ပရိတ်တရား တော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးတရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဝါဆို သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာ တော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓ သာသနံစိရံတိဌတု”သုံးကြမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက်ကြီးအတွင်းရှိ စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက် အမိုးများ၊ မျက်နှာကျက်များ၊ ကြမ်းခင်းများနှင့် လျှပ်စစ်မီးလိုင်းများ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှု များနှင့် ကျောင်းတိုက်ကြီးအတွင်းရှိ ပတ်လမ်းအရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေအား ကတ္တရာလမ်းခင်းကျင်းပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240830 01

20240830 01

20240830 01

20240830 01