မုံရွာ၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ မုံရွာ ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ရဟန်းပညာရှိ၊ လူပညာရှိ၊ စာဆိုအကျော်အမော်များ ထွက်ရှိရာဒေသဖြစ်သကဲ့သို့ ယဉ် ကျေးမှုအနှစ်သာရများထွန်းကားခဲ့ပြီး စာဆိုအနုပညာရှင်များထွက်ပေါ်ရာ ရေခံမြေခံ ကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မီးခဲပြာဖုံး ဝါသနာရှင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ အဆင့်မြင့်ကျောင်း များ၊ ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာနေပြည်သူများအတွင်း အလားအလာရှိသည့် ရွက် ပုံးသီးအနုပညာရှင်၊ဝါသနာရှင်များအား ရွေးချယ်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ် ဒိုင်များအနေဖြင့်လည်း နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များရရှိရေးအတွက် မှန်မှန်ကန်ကန်ဖြင့် ဘက်လိုက်မှုမရှိဘဲအဂတိတရားကင်း စွာဖြင့် စီစစ်ရွေးချယ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကြီး
ဦးတည်ချက်များအား ထမြောက်အောင်မြင်အောင် တာဝန်ပေးအပ်ထားရှိသည့် ကော်မ တီဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ကော်မ တီဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပသွားမည့်လုပ်ငန်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ် ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး အခမ်း အနားပြင်ဆင်ရေး၊ ဖိတ်ကြား/ကြိုဆို/နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လည်းကောင်း၊ ပို့ဆောင်ရေးကော်မတီ တိုင်း ဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးသတင်း ကော် မတီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လည်းကောင်း၊ လုံခြုံရေးကော်မတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ လည်းကောင်း၊ ဆုချီးမြှင့်ရေး ကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လည်းကောင်း၊ အကဲဖြတ်လုပ်ငန်းကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ လည်းကောင်း၊ ပြိုင်ပွဲဝင်စီစစ်ရေးကော်မတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လည်း ကောင်း တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း ဆွေး နွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မိမိတို့ခရိုင်များအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်း လင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်း ခရိုင်များရှိ အနုပညာရှင်ကြီးများမှ ပြိုင်ပွဲများ တွင်ဘာသာရပ်အလိုက် ဝင်ရောက်ယဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင် ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်များက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ကျင်းပရေးလုပ်ငန်းများနှင့် ပတ်သက် ၍ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

20240905 01

20240905 01

20240905 01

20240905 01

20240905 01