မုံရွာ၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်း တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဉက္ကဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆ မှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရပြီး ယခုလိုဆုံးရှုံးမှုများသည် နိုင်ငံ ၏အနာဂတ်ဖြစ်သည့် ကလေးလူငယ်များ များစွာပါဝင်နေခြင်းကို အားလုံးသိရှိကြပြီး ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မော်တော်ဆိုင်ကယ် အသုံးပြုမှုများပြား သည့်နိုင်ငံဖြစ်သည့်အတွက် မော်တော်ဆိုင်ကယ်တိုက်မှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများပြား နေခြင်းကိုလည်း အမြန်ဆုံးတားဆီး ထိန်းချုပ်ကာကွယ်နိုင်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်း အသုံးပြု သူတိုင်း တည်ဆဲဥပဒေ၊နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာတတ်စေ ရန်ပညာပေးစည်းရုံး ဆောင်ရွက်ကြရမည့်အပြင် မော်တော်ဆိုင်ကယ်စီးဦးထုပ်အား မေး သိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်စေရန် ဝတ်ဆင်မောင်းနှင်ရာတွင် အရည်အသွေး ပြည့်မီသည့် မော်တော်ဆိုင်ကယ်စီးဦးထုပ်များအား ရွေးချယ်အသုံးပြုကြစေရန် အသိ ပညာပေးခြင်များဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီဝင်အဖွဲ့ဝင်များအနေဖြင့် ခရိုင်/မြို့နယ်/မြို့၊ ကျေးလက်မကျန် ပြည်သူ များအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အမှန်တကယ် သိရှိနားလည်လိုက်နာ ဆောင် ရွက်တတ်စေရန် National Road Safety Action Plan လုပ်ငန်းစဉ်များအား ဒေသ အခြေအနေနှင့်လျော်ညီစွာ ဦးစားပေးအစီအစဉ်များ ချမှတ်ကျင့်သုံး အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှု၊ အရေးယူမှုများအား တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများနှင့် ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးတို့က တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှု အခြေ အနေ များ၊ ယာဉ်တိုက်မှုဖြစ်ပွားမှု အခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်း စီးမှုအခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များက မိမိတို့ကော်မတီများအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်/မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ မိမိတို့ခရိုင်အတွင်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ် ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီး သီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရ သည်။











