မုံရွာ၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာနှင့်စက်သုံးဒီဇယ်ဆီများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင် ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ် ခြင်းကြောင့် ယခုမိုးရာသီတွင် စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါ အဝင် သီးနှံမျိုးစုံလျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး စိုက်သမျှသီးနှံ တိုင်း ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုး မည့်သီးနှံများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရန် ဆောင်ရွက်ခြင်းနှင့်အတူ သီးနှံစိုက်စွမ်း အားကို မြှင့်တင်နိုင်ရေးအတွက် မိုးစပါးတစ်သီးသာ စိုက်ပျိုးကြသည့်မြေယာများအပေါ် တွင် ဒေသ၊ ရေ၊ မြေ အခြေအနေအပေါ်မူတည်ပြီး နှစ်သီးသုံးသီးအထိ သီးထပ်သီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် လိုအပ်သည့်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဝယ် ယူသုံးစွဲနိုင်ရေး ဖြန့်ဖြူးရောင်းချပေးခြင်းများ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ အခမ်းအနားတွင်လည်း တောင်သူများစိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုလျက် ရှိသည့် စက်ကိရိယာများအတွက် ဖမ်းဆီးရမိစက်သုံးဒီဇယ်ဆီများကိုလည်း ဖြန့်ဖြူးပေး သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကူညီပံ့ပိုးပေးမှုများနှင့်အတူ စိုက်ပျိုးရေး ပညာရှင်များ၏ စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးမှုများအား တောင်သူလယ်သမားများ အနေဖြင့် ကြိုးစားအားထုတ်လိုက်နာဆောင်ရွက် ကြမည်ဆိုပါက စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး တောင်သူများဝင်ငွေတိုးပွား၍ ဓနအင်အားဖြိုးကြွယ်ဝကာ လယ်ယာစိုက် ပျိုးရေးကဏ္ဍ တိုးတက်လာပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်မှာ ဧကန်မလွဲနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံတောင်သူများထံ သွင်းအားစု ဓာတ်မြေသြဇာ နှင့်စက်သုံးဒီဇယ်ဆီများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာမှ ဒေသခံတောင် ၅၀၀ ဦးအား သွင်းအားစု ဓာတ်မြေသြဇာ၊ စက်သုံးဒီဇယ်ဆီများ ဖြန့်ဝေပေးနေမှုနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20240926 01

20240926 01

20240926 01

20240926 01

20240926 01