မုံရွာ၊ စက်တင်ဘာ ၂၄
စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)၌ လျှပ်စစ်ဝါယာလျော့ ဖြစ်ရာမှ ကျောင်းခန်းမ၊ ရုံးခန်း နှင့်စာသင်ခန်း ၃ ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ တိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနရုံးနှင့် မုံရွာခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၆ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနဌာန ချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာ မကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးနှင့် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူးချုပ် တို့က မီးလောင် မှုဖြစ်ပွားမှု အခြေအနေများနှင့် ဆုံးရှုံးမှုအခြေအနေများအား ရှင်းလင်းပြောကြားကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးလောင်ဆုံးရှုံးသွားသည့် ကျောင်း ခန်းမ၊ရုံးခန်းနှင့် စာသင်ခန်းများ အချိန်မီပြန်လည်တည်ဆောက်ရေး၊ ကျောင်းနှင့်သက် ဆိုင်သည့် စာရွက်စာတမ်းများ၊ စာသင်ခုံများ၊ ပရိဘောဂပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ပြန်လည်
ဖြည့်တင်းရေး၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများအတွက် သင်ကြားရေး လုပ်ငန်းများအား ရပ်နားမှုမရှိစေရန် ဆက်လက်သင်ကြားရေး၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း လိုအပ်သည်များပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။



