မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် သတ်မှတ်အားကစားရုံများအတွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအား ကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘော်လုံး၊ ဖူဆယ်နှင့် ကာယဗ လနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့် ရှုအားပေးကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစား အသင်း အုပ်ချုပ်သူများနှင့် ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားက စားနည်း များအလိုက်ဆုများရရှိအောင် လေ့ကျင့်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပြိုင်ပွဲဝင်ကြမည့်အားကစားသမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်အစွမ်းကုန်မြှင့်တင်နိုင်ရေးအတွက် အချိန်ကိုအကြိုးရှိစွာ အသုံးချလေ့ကျင့် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စခန်းသွင်းလေ့ ကျင့်နေကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

20241009 05
20241009 06
20241009 07
 
20241009 08
20241009 09
20241009 10