မုံရွာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆီမီး၅၀၀၀ ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မုံရွာမြို့၊ ရွှေစည်းခုံစေတီတော် ရင်ပြင်တော် ပရဝဏ်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သတင်းကျွတ် ဆီမီးပူဇော်ပွဲ အခမ်းအနားကို သာသနာ့ဗိမ္မာန်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ၎င်းတို့၏ ဇနီးများ တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ပင့်သံဃာ (၂၇)ပါးထံသို့ သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူးဒါန်းခဲ့ကြပြီးနောက် ရွှေစည်းခုံစေတီတော် ရင်ပြင်တော်ပေါ်တွင် တိုင်းဒေကြီးဝန်ကြီးချုပ် နှင့်ဇနီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် သီတင်းကျွတ် ဆီမီးပူဇော်ပွဲကို တက်ရောက်လာသော ဒေသခံပြည်သူများနှင့်အတူ တပြိုင်တည်း ဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီး ရွှေစည်းခုံ‌စေတီတော် ရင်ပြင် ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှဆီမီးထွန်းညှိပူဇော်‌ နေမှုများနှင့် ဧည့်ပရိသတ်များအား စတုဒီသာကျွေးမွေးလှူဒါန်းနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ် ဆီမီးပူ‌ဇော်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မုံရွာမြို့တွင် ပထမအကြိမ်မြောက် ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆီမီးပူဇော်ပွဲကို မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီးတွင်လည်း အလားတူ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကန်သာယာ မြို့ရာပြည့်ကပ်ကျော်စေတီတွင် ဆီမီးပူဇော်ခြင်း နှင့် မီးပုံပျံလွှတ်တင်ပူဇော်ခြင်းတို့အပြင် ဌာနဆိုင်ရာများ၏ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ ‌ဖြင့် အထူးစည်ကား ခဲ့ကြောင်းသိရှိရပါသည်။

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01

20241020 01