မုံရွာ၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့်သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယား ဓါတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်၊ ညနေပိုင်းတွင် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရာက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိခြင်းဖြင့် စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေတိုးပွားရရှိကာ ထွက်ရှိလာသည့်သီးနှံများကို မိမိဒေသစားသုံးရန်သာမက ပိုလျှံမှုအားအခြားဒေသများ အားရောင်းချပေးနိုင်ရေးအတွက်ရည်ရွယ်ကာ ဓါတ်မြေသြဇာများနှင့် သွင်းအားစုများအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့နယ် အတွင်းရှိ ဒေသခံတာင်သူများ စိုက်ပျိုးထားသည့်သီးနှံများအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကျေးရွာ ၅ ရွာရှိ ဒေသခံတောင်သူ ၅၀၀ ဦးအတွက် ကျေးရွာကိုယ်စား လှယ်များထံ ယူရီးယားဓါတ်မြေသြဇာများအား ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ကလေးမြို့နယ် ကျေးရွာများရှိ ဒေသခံတောင်သူများ ကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

20241023 01

20241023 01

20241023 01

20241023 01

20241023 01

20241023 01