မုံရွာ၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက အောင်ချမ်းသာဈေးရှိ ဈေးဆိုင်ခန်းများရောင်းချနေမှုအခြေအနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ်‌ဈေးရုံ အလျား – ၁၀၂ ပေ၊ အနံ – ၅၁ ပေရှိဈေးရုံ၊ သစ်သား‌ဈေးရုံ – ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်းဈေးရုံများ ပြန်လည်ပြုပြင် တည်ဆောက်နေမှုအခြေအနေများနှင့် ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင် ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြုပြင်တည်ဆောက်နေသည့်‌ဈေးဆိုင်ခန်းများ အမြန်တည်ဆောက်ပြီးစီးရေးနှင့် ဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်း မွန်စေရေး၊ ဈေးရုံအဆောက်အဦများအား သတ်မှတ်အရည်အသွေးများနှင့်အညီ ရေရှည်ကြံ့ခိုင်မှု ရှိအောင်တည်ဆောက်သွားရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အောင်ချမ်းသာဈေးအတွင်း ဈေးရုံ အဆောက်အဦများ ပြုပြင်တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းချသူ များအား ဈေး၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးလိုက်လံမေးမြန်းခြင်းနှင့် ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240422 23

20240422 23

20240422 23

20240422 23

20240422 23

20240422 23