မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်း(မုံရွာ)သို့ရောက်ရှိရာ နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု “ရွှေဇေယျာ” ရက်ကန်း စင်တော်အသင်းနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး သာသနာရေးဦးစီးမှူးထံ “ရွှေဇေယျာ”ရက်ကန်းစင်တော်အသင်းအတွက် ငွေကျပ် – ၄၃၀၀၀၀၀ (လေးဆယ်သုံးသိန်းကျပ်)အား ထောက်ပံ့ပေးအပ်ပြီး “ရွှေဇေယျာ” ရက်ကန်းစင်တော်အသင်းသူတစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ ကိုယ်တိုင် နမူနာရက်လုပ်ထားသည့် သင်္ကန်းအားကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း၌ နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု “ရွှေဇေယျာ” ရက်ကန်းစင်တော်အသင်း လေ့ကျင့်ရက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20241105 04

20241105 04

20241105 04

20241105 04

20241105 04