မုံရွာ၊ နိုဝင်ဘာ ၅

(၃၆)နှစ်မြောက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ၆၃ ဦးမှ စုပေါင်းသွေးလှူဒါန်းပွဲအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများက သွားရောက်ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အာဟာရဖြည့်စွက်စာများ အား အသီးသီးဝေငှပေးခဲ့ကြပြီး စုပေါင်းသွေးလှူဒါန်းနေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန်၊ သံဃာအပါး (၁၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တန်ဆောင် တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်အား စည်းကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့ အကြုံများရှိပြီးဖြစ်ကာ ယခုနှစ်အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကိုလည်းယုံကြည်ပါကြောင်း၊ ကော်မတီအဖွဲ့များမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများအား တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အလားတူ တတိယအကြိမ်အဖြစ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကြီးနှင့်တန်ဆောင်တိုင်ပွဲတော်ကိုလည်းအောင်မြင် စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့ စည်းကာ တာဝန်များပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား စနစ်တကျကြိုတင်စီမံဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ညှိနှိုင်းပေါင်း စပ် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံ ရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စုပေါင်းမဟာဘုံကထိန်၊ သံဃာအပါး (၁၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တန်ဆောင် တိုင် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင် က ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများ နှင့်ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်၊ သံဃာအပါး (၁၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တန်ဆောင် တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး လျှပ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာမှူး၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးတို့က ကော်မ တီများအလိုက် လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စုပေါင်းမဟာဘုံကထိန်၊ သံဃာအပါး(၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တန်ဆောင်တိုင်ပွဲ တော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

20241106 03

20241106 03

20241106 03

20241106 03

20241106 03

20241106 03

20241106 03