မုံရွာ၊ နိုဝင်ဘာ ၁၄

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဉပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ လ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဥပဒေဆိုင် ရာနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းတက်ရောက်သွားမည့် ဆရာ/ဆရာမများအနေဖြင့် သင်တန်းဆရာများ၏ ပို့ချချက်များအား စိတ်ဝင်စားစွာ ကြိုးစားမှတ်သားပြီး သင်ရိုး ညွှန်းတမ်းဘာသာရပ်များအား နားလည်အောင်ဖတ်ရှု့လေ့လာထားကြပြီး မိမိလေ့လာသင်ယူထားသည့်
ဥပဒေဘာသာရပ်များအား မိမိတို့ကျောင်းများမှဆရာ/ဆရာများနှင့် ကျောင်းသား/သူများအား ပြန်လည်ပို့ချရာတွင် သိရှိနားလည် သဘောပေါက်အောင် သင်ကြားပို့ချသွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် မျိုးဆက်သစ်ကျောင်းသား/သူများအား ဥပဒေ၏အခြေခံသဘောတရားများ ကောင်းစွာသိရှိနားလည်ပြီး စိတ်ဓါတ်၊စည်းကမ်းနှင့် အကျင့်စာရိတ္တမြင့်မားသည့် လူတော် လူကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက ဥပဒေအသိပညာပြန့် ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိစာသင်ခန်းများအတွင်း ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းပို့ချနေ မှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသို့ မုံရွာမြို့ နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၁၄၉ ဦးအား ဥပဒေပညာ ဘာသာရပ် ၈ ရပ်ဖြင့် သင်တန်းကာလ ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

20241118 01

20241118 01

20241118 01

20241118 01

20241118 01

20241118 01