မုံရွာ၊ နိုဝင်ဘာ ၁၆

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဂေါက်ကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့အား ပြိုင်ပွဲဝင်အားကစားသမားများက အသင်းလိုက်မိတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က စမုတ်ဘောရိုက်၍ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ ဂေါက်သီးရိုက်ပြိုင် ပွဲအား ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ ဂေါက်သီးရိုက်ပြိုင်ပွဲ၌ ဝန်ကြီးဌာနပြိုင်ပွဲဝင် အသင်း ၉ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများအား ဝန်ကြီးဌာန ၉ ခုမှ စတုဒီ သာများကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဦးရွှေရိုး၊ဒေါ်မိုးအက၊ တပင်တိုင်အက၊ ဆင်အကနှင့် ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုရင်ပြင် အတွင်း သက်မှတ်နေရာများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ကျောင်းသား/သူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား/သူ များ၊ ရပ်ကွက်နေပြည်သူများမှ မီးပုံးပျံလွှတ်တင်ရန် စနစ်တကျနေရာယူ၍ မီးပုံးပျံ ၃၈၀ လုံး အားတစ်ပျော်တစ်ပါး လွှတ်တင်နေမှုများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်နေမှုများအား ကြည့်ရှု အားပေးကာ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

202411186 06

202411186 06