မုံရွာ၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်း တပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းမှ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပငအသေးစားရေအား လျှပ်စစ်စီမံ ကိန်းကြီးပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါ၍ သက်မှတ်ကာလ အတွင်းအရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီးစီးရန် လိုအပ်ပါကြောင်း၊ မိုးတွင်းကာလ အတွင်းရပ်နားခဲ့ရသည့် လုပ်ငန်းများအား စတင်၍သက်မှတ်ကာလတွင် အချိန်မီပြီးစီးရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စီမံကိန်းတွင်အသုံးပြုမည့် တည်ဆောက်ရေးပစ္စည်းများ အချိန်မီရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာများကို အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား အသေးစိတ်မှာကြားကာ တင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ် စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း၌ တည်ဆောက်နေသည့် ပင်မတမံကွန် ကရစ်သွန်း လောင်းပြီးစီးမှုနှင့် ရေယူအဆောက်အဦ ဆောက် လုပ်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ် ကာလတွင် အချိန်မီပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်းအား လုံး ၏ ၅၆.၂၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်းနှင့် နားသကျိုက်ကျေးရွာကြားရှိ လျှပ်စစ်တာဝါတိုင် တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည် ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာမှ နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းနှင့် ဟုမ္မလင်းမြို့သို့ ဆက်သွယ်သွားမည့် လျှပ်စစ်တာဝါ တိုင်များ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းနှင့် ဟုမ္မလင်းမြို့သို့ ဆက်သွယ်သွားမည့် လျှပ်စစ်တာဝါတိုင်များ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ် လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လည်း ကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူပြုသည့် တံတားကြီးတစ်စင်းကာ ဒေသ၏ထုတ်ကုန် များအား လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ်ကာလ တွင်ပြီးစီး ရေးနှင့် သက်မှတ်စံချိန်စံညွှန်းများနှင့် အညီအရည်အသွေးကောင်းမွန်အောင် တည်ဆောက်သွား ရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကိုလည်း စနစ်တကျသုံးစွဲသွား ကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုဆောင်ရွက်စေလိုပါ ကြောင်း အသေးစိတ်မှာကြားပြီး တည်ဆောက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းတံတား (ထမံသီ)၏ သံမဏိသံပေါင်တပ်ဆင်နေမှုများနှင့် တံတားတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ၊ပစ္စည်းများရောက်ရှိမှုအခြေအနေများနှင့် ချဉ်းကပ်လမ်းဆောင်ရွက်နေမှုလုပ်ငန်းများအား လိုက် လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။





