မုံရွာ၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ ဖောင်းပြင်တပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ ရာဇမုနိ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအားဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဒေသခံပြည်သူများ ဆေးကုသနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးကုသမှုခံယူ နေသောလူနာများအား အဟာရဖြည့်စွက်စာများ အသီးသီး လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဆိုပါဆေးရုံကြီးရှိ အစည်း အဝေးခန်းမတွင် ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံရာကာ အမှာစကား ပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီးနှင့် သူနာပြုများက ဆေးရုံ၏လိုအပ်ချက်များအား ဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ငွေ ကျပ်- ၁၀ သိန်းအားပေးအပ်ခဲ့ပြီး ဆေးရုံကြီးဝန်းအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက် ပံ့ပေးအပ်ထားသည့် အောက်ဆီဂျင်စက်ရုံအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှု များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းခန်းမတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာ မများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေကျပ် သိန်း -၅၀ အားပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရှမ်းရိုးရာစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ရဲမှူးကျော်စိုးထွန်းက မြို့၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် စားရေရိက္ခာဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဖောင်းပြင်မြို့ရှိ မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက် သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က ဖောင်းပြင်မြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်းပြင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ MSMEs လုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျှက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖောင်းပြင်မြို့၌ ရောက်ရှိနေကြသည့် တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ အား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ရှမ်းရိုးရာစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် သိန်း ၄၀ အားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၅၀ အား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဖောင်းပြင်မြို့ရှိ ဌာနဆိုင်ရာများ ဝန်ထမ်း များအတွက် ငွေကျပ်သိန်း ၅၀ အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက္ကကျင်း-ဖောင်း ပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ မိုင်တိုင်အမှတ်- ၁၃၂ နှင့် မိုင်တိုင်အမှတ် – ၁၃၅ ကြားရှိ အရှည် ပေ- ၁၀၆၀၀ ပေ၊ အကျယ် – ၁၈ ပေ ကွန်ကရစ်လမ်းခင်းကျင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241210 01

20241210 01

20241210 01

20241210 01

20241210 01

20241210 01