မုံရွာ၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ညှိနိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် စိုက်ပျိုးရေး/မွေးမြူရေးနှင့်သက်ဆိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ် စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် သမဝါယမအသင်းများအားလုပ် ငန်းအမျိုးအစားများအလိုက် ချေးငွေများထုတ်ချေးထားပြီး ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်သုတေသနများ MSME လုပ်ငန်းများအလိုက် စစ်တမ်းများအား စနစ်တ ကျအသုံးချကာ လုပ်ငန်းမြှင့်တင်ရန်ကိစ္စ၊ ဝန်ဆောင်မှုပေးရန်ကိစ္စနှင့် လိုအပ်ချက်အရ လမ်းညွှန်တည့်မတ်ပေးရန်စသည့် လုပ်ငန်းစဉ်များအား တိုင်းဒေသကြီး MSME Agency မှမှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကဏ္ဍများ အလိုက်မတည်ချေးငွေများအား လျာထားချက်ပြည့်မီစွာ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး နှင့်အရင်းမပျောက်မတည်ငွေများအား မပျောက်ပျက်စေ ဘဲတိုးပွားလာစေရန်နှင့် အကျိုး ရှိစွာစနစ်တကျအသုံးချနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေ သည့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် အားလုံးမှအားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေများ ထုတ်ချေးပေးထားမှု အခြေအနေများနှင့် ချေးငွေများဖြင့်ဆောင်ရွက် နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီး ပွားရေးလုပ်ငန်း MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေမှ မတည်ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေး စား၊အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241218 01

20241218 01