မုံရွာ၊ ဇန်နဝါရီ ၃
၂၀၂၅-ခုနှစ်၊(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသေးစား၊အငယ်စားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ်သည့်တွက် လုပ် ငန်းများပိုမိုရှင်သန်လာစေရန် အရင်းအနှီးအတွက် ချေးငွေများရရှိရေး၊ ကုန်ကြမ်းရရှိရေး နှင့်လျှပ်စစ်မီးရရှိရေး၊ စက်မှုဇုန်များနှင့် MSME လုပ်ငန်းအုပ်စုဇုန်များ၏ အခြေခံဆောက်အဦများ တိုးတက်ကောင်းမွန်ရေးစသည့် လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြေလျှော့ပေးမှု/ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏အလုပ်အကိုင်အခွင့် အလမ်းများစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာ အရေးပါသကဲ့သို့ ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါပါ ကြောင်း၊ ဒါ့အပြင်ကုန်ထုတ်လုပ်မှု ကွင်းဆက် (Supply Chain)အား ပေါင်းစည်းပေးသည့် နေရာများနှင့် ပြည်ပပို့ကုန်မြင့်တင်ရေးတို့တွင်လည်း အဓိကအခန်းမှ ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ MSME များပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်အခြားစီးပွားရေးလုပ်ငန်းများအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လုပ်ငန်းပေါင်း (၃၅၀)အား စုစုပေါင်းငွေကြေး အရင်းအနှီးအတွက် ချေးငွေ (၁၀.၅၄၁) ဘီလီယံ ပံပိုးပေးထားပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေး ရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ရွှေ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကိုကိုလွင်နှင့် တိုင်းဒေသကြီး မုန့်လုပ်ငန်းစုံတာဝန်ခံ ဦးသက်ထွေးအောင်တို့က ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများအတူ အဆို ပါမုဒ်ဦးရှေ့တင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်းရှိ ကလေးခရိုင်/ စစ်ကိုင်းခရိုင်/ ရွှေဘိုခရိုင်/ ရေဦးခရိုင်/ မုံရွာ ခရိုင်များအတွင်းရှိ မြို့များမှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းပြခန်း၊ ပရိဘောဂပစ္စည်းပြခန်း၊မီးဖိုချောင်သုံးပစ္စည်းပြခန်း၊ စိုက်ပျိုး ရေးသုံးပစ္စည်းပြခန်း၊ စားသောက်ကုန်ပစ္စည်းပြ ခန်း၊ အဝတ်အထည်ပြခန်း၊ ဌာနဆိုင်ရာပြခန်း ၃၈ ခန်းနှင့် စားသောက်ဆိုင်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဈေးရောင်းပွဲတော်သို့လာရောက် ရောင်းချ/ပြသကြသည့်လုပ်ငန်းရှင်များနှင့် ဈေးရောင်ပွဲတော်သို့ လာရောက်သူများအား ရင်းရင်း နှီးနှီးမိတ်ဆက်စကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးရောင်းပွဲတော်သို့ လာရောက်သူ များနှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေနေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။






