မုံရွာ၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မ တီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှင့်နှံမှုလုပ်ငန်းအသစ်များ ထပ်မံ ဝင်ရောက်အောင် ဖိတ်ခေါ်ခြင်းအပြင် ခွင့်ပြုပြီးရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် လုပ်ငန်းရှင်များနှင့်ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ခြင်းများအပါအဝင် ပြည်တွင်းရင်းနှီးမြှပ်နှံမှု ပမာဏ ကျပ် ၁၉၉၆၄.၈၀၀ သန်း ဝင်ရောက်ထားပြီး ထပ်မံ၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာစေရေး ကော်မတီအဖွဲ့ဝင်များက အားပေးဖိတ် ခေါ်သွားကြရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံလုပ်ငန်းများ တိုးမြှင့်ဝင်ရောက်လာမှသာ ဒေသတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရရှိလာမည် ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် သဘာဝပတ်ဝန်းကျင် ကောင်းများစွာရှိသကဲ့သို့ စိုက်ပျိုးရေး သွင်းအားစုများဖြစ်သည့် မျိုးစေ့၊ ဓါတ်မြေသြဇာ၊ သဘာဝမြေသြဇာများထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဝါး/ကြိမ်စသည့် သဘာဝထွက် ပစ္စည်းများမှ အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် လုပ်ငန်းများစွာရှိပါကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအတွင်း လူဦးရေ သိန်း ၅၀ ကျော်ရှိသည့် အတွက် အသားထုတ်လုပ်မှု၊စားသုံးမှု ဖူလုံပြည့်ဝစေရေးအတွက် ကြက်/ဝက်မွေးမြူရေး လုပ်ငန်း များနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံ၊ သံမဏိ ထုတ်လုပ်သည့်လုပ်ငန်းများအား စက်မှုဇုန်များနှင့်စက်မှုဇုန်ပြင်ပမြေများတွင် မြေယာသုံးစွဲခွင့်လျှောက်ထားပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက် နိုင်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့အတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20250108 10