မုံရွာ၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေး မှူး နှင့် အဖွဲ့ဝင်များ၊ ဟိုတယ် နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်က ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာတွင် ဦးဆောင်နေရာမှရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါ ကြောင်း၊ လူထု၊လူတန်းစားပေါင်းစုံအား တိုက်ရိုက်အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြား ငွေရှာဖွေပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများစွာရှိသည့်အတွက် ခေတ်နှင့်အညီ အမှီ လိုက်နိုင်သည့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူများမှ စီမံခန့်ခွဲ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းခရီးသွားဧည့်သည်များ လွယ်ကူ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများဖြစ်သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသ ခံလူမှုအသင်းအဖွဲ့အစည်းများမှ လိုအပ်သလို ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ပါ ကြောင်း၊ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွား ရေး၏ အဓိကအခန်းကဏ္ဍ ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားဖြစ်နေသည့်အတွက် ခရီးသွားလုပ်ငန်းမှတဆင့် MSMEs လုပ်ငန်းများအား တိုက်ရိုက်အထောက်အကူပြုစေရေး ဟန်ချက်ညီညီ အကောင် အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဒေသတွင်း MSMEs လုပ်ငန်းများ တိုးတက်လာပြီး ဈေးကွက် ရရှိလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ် ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၄ ၏ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေ အနေများ၊ ယခုအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေ သကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်း ကျင် များတွင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာ ဆိုင်ရာသင်တန်းများဖွင့်လှစ်သွားမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများနှင့် ပတ် သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20250113 01