မုံရွာ၊ ဖေဖော်ဝါရီ ၁၂

၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များနှင့်ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်မျာနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် များမှကျောင်းသား၊ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်းသား/ သင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများ၏ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ သံပုံး ရိုက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်၊ စကောရွက်၊ အာလူးကောက်၊ ခြေပူးအပြေး၊ မီတာ ၂၀၀ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများ တစ်ပျော်တစ်ပါး ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား၊အမျိုးသမီး လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသား/အမျိုးသမီး အကြီးတန်း မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက အမျိုးသား၊အမျိုးသမီး အကြီးတန်းမီတာ ၂၀၀ ၊ မီတာ ၁၀၀ အပြေး ပြိုင်ပွဲများ၊ မီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အကြီးတန်း မီတာ ၅၀ အာလူးကောက်ပြိုင်ပွဲ၊ အမျိုးသမီးအကြီးတန်း မီတာ ၅၀ ဇကောရွက်ပြိုင်ပွဲ၊ အမျိုး သား/အမျိုးသမီး မီတာ ၅၀ အလွတ်တန်း အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ် တန်းမီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ်တန်း မီတာ ၅၀ အာလူးကောက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမဝန်းအတွင်း ကျင်းပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပွဲ သို့ တက်ရောက်ကြသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ရုံး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံ ဇာတရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အမျိုးသမီးရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ အဖွဲ့ ၁၂ ဖွဲ့ခွဲကာ ပြိုင်ပွဲမဟုတ်သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကောင်းသည်ထက်ကောင်းအောင် အပြိုင်အဆိုင် တစ်ပျော်တစ်ပါး စုပေါင်းထမနဲထိုးနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ချင်းတွင်းခန်းမအတွင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ စုပေါင်း ထမနဲထိုးပွဲသို့ တက်ရောက်လာသူများမှ ထိုးထားသည့်ထမနဲများအား တစ်ပျော်တစ်ပါး အတူတကွ စားသုံးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းထမနဲထိုးခဲ့ကြသည့်အဖွဲ့ ၁၂ ဖွဲ့အား တစ်ဖွဲ့လျင် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ( ၁ ) သိန်းစီအား ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

20250214 20

20250214 20

20250214 20

20250214 20

20250214 20